.post a{font-weight:bold;font-size:12px;color:#000000;text-decoration:none} .post a:hover{text-decoration:underline}
သူငယ်ချင်းမိတ်ဆွေ များကို အသိပေးပါရစေ စာအုပ်များကို www.burmeseclassic.com , www.kelasa.org မှာ မျှဝေလိုက်ပါသည်။

30.9.11

မြန်မာဖေါင့် နဲ့ IE (Internet Explorer) browse ပြဿနာ


အရင်တုန်းကလည်း ဒီကြောင်းနဲ့ ပတ်သက်ပြီး ပို့စ်တင်ခဲ့ပါပြီ။
ခုဟာက နောက်တစ်နည်းပေါ့နော့်။ တစ်နည်းအဆင်မပြေရင် နောက်တစ်နည်းပေါ့။
browse အမျိုးမျိုးထဲမှာ window နဲ့ တစ်ခါတည်းပါလာတဲ့ IE browse မှာ တော်တော်များများ မြန်မာစာအဆင်မပြေတာကို တွေ့ရပါတယ်။
တစ်ချို့ကလည်း firefox browse ကို သုံးရကောင်းမှန်း မသိလို့ IE နဲ့ပဲ သုံးကြပါတယ်။ တစ်ချို့ကျတော့လည်း အီးမေးလ် ဖွင့်လိုက်ရင် တစ်ခါတည်း IE နဲ့ ပွင့်လာတတ်ပါတယ်။
အီးမေးလ် inbox ဖွင့်လိုက်တော့ လေးထောင့်ကွက်ပဲ ပေါ်ပါတယ်။ ဒါကြောင့် အဲ့ဒါကို ဖြေရှင်းဖို့ အောက်မှာ အဆင့်ဆင့် သွားလိုက်ပါ။ အိုကေ ပါလိမ့်မယ်လို့ မျော်လင့်ပါတယ်။

Tools > Internet Options > General > Fonts button ကို နှိပ်လိုက်ပါ။ Language Scripts မှာ သူ့အတိုင်း Latin Based ကိုပဲထားလိုက်ပါ။
Webpage font မှာတော့ Zawgyi-One ကိုရွေး၊ ok ပေးလိုက်ပါ။
ဒါမှ အဆင်မပြေသေးဘူးဆိုရင် ...


အရင်ဆုံး notepad ဖွင့်

body
{
font-family:Zawgyi-one;
}
input, select , textarea
{
font-family:Zawgyi-one;
}

ဆိုပြီးရိုက်လိုက်ပါ။ ပြီးရင် notepad မှာရိုက်ပြီး D:\ partition ဖြစ်ဖြစ် E:\ partition ဖြစ်ဖြစ်၊ D မှာဆိုရင် D:\ie.css နာမည်/ E မှာဆိုရင် E:\ie.css နာမည်နဲ့သိမ်းလိုက်ပါ။

ပြီးတော့ IE (Internet Explprer )ကိုဖွင့်ပါ။
Tool ->Internet option -> general tab> အောက်ဆုံးနားလေးလောက်မှာ Accessibility ကို နှိပ်ပါ။ box တစ်ခု ကျလာမယ်။ formating အောက်မှာ...
Ignore Font Style specified on webpages ကို check လုပ်ပါ။
user style sheet အောက်မှာ...
Format documents using my style sheet ကို check လုပ်ပါ..
Browse အကွက်ကို နှိပ်ပါ။
D:\ie.cssနဲ့ သိမ်းထားတဲ့ ဖိုင်ကို ရွေး၊ open နှိပ်ပါ။
ပြီးရင် OK နှိပ်၊ OK ထပ်လုပ်ပါ..။

ပြီးရင် IE ကို ပိတ်ပြီး ပြန်ဖွင့်ကြည့်ပါ...မြန်မာစာကောင်းကောင်းပေါ်လာတာကို တွေ့ရပါလိမ့်မယ်။
အဆင်ပြေကြပါစေဗျာ....။

24.9.11

ကီဘုတ် print screen

ိဒီနည်းလေကတော့ ငါကျတော် ဆ၇ာ အိုင်တီ သမားတစ်ဦးဆီကပါ.........ကျတော် လက်ရှိလုပ်နေတဲ့ ပုံလေးတွေကို ဘလော့မှာတင် ချင်တော့ ........ဆော့ဝလ်တွေလိုက်ရှာရပါတယ်.......ဆောဝလ်တွေက ဒေါင်းတိုင်းလည်း အဆင်မပြေပါဘူး...........ဒီနည်းလေ အတိုင်း လုပ်၇င်တော့ အဆင်ပြေကြပါလိမ့်မယ်.......အဆင်မပြေတောလည်း နောက်တစ်နည်းပေါ ..............တိန့်..........

နည်းလေးကတော့လွယ်လွယ်လေးပါ ........သိပြီးသာဆိုလည်း...ငြိမ်နေပေါ့....နော်.ဟီးဟီး.......
ကဲစကြရအောင်....အရင် ဆုံး ကီးဘုတ်ပေါ်မှာ ညာဘက်ထောင့်မှာရှိတဲ့ prtSc ဆိုတာလေကိုနှိပ်လိုက်ပါ...

ပြီး၇င် RUN box ထဲမှာ paint ကို ဖွင့် 




 ပုံအတိုင်း ဆက်လက် လုပ်ဆောင်ပါ.........လွယ်လို အားလုံးမပြောတော့ဘူးနော်..........
  အားလုံးအဆင်ပြေပါစေ..............

မြန်မာစလုံးပေါင်းသပ်ပုံ လေ့လာရန်




ဒီဆိုက်က ပြုလုပ်နေတာ တော်တော်ကြာပြီ။ အခုဆိုရင် တော်တော် ပြည့်စုံနေပါပြီ။ အားလုံး အသုံးဝင်မယ့် ကဏ္ဍကို ဖော်ဆောင်ပေးတာ ကိုပီကေလို့ သိရပါတယ်။ တကယ်ကို ချီးကျူးထိုက်တဲ့ ပုဂ္ဂိုလ်တွေပါ။ လေးစားမိပါတယ်။ အားလုံးအတွက် ဖော်ဆောင်ပေးထားတဲ့ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းကို လိုအပ်ရင် အသုံးပြုနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း

Clock for Blog


နာရီလှလှလေးတွေလိုချင်ရင်


မိမိတို့ရဲ့ ဘလော့တွေမှာ နာရီလှလှလေးတွေ ထားချင်တယ်ဆိုရင် ယခုဆိုဒ်လေးက ဆောင်ရွက် ပေးပါလိမ့်မယ်။ လိုချင်တဲ့ နာရီမျိုးစုံကို အလကားမတ်တင်း ရယူနိုင်ပါတယ်။ ရှေးဟောင်း နာရီကနေ ယနေ့ ခေတ်ပေါ် နာရီတွေအထိ မျိုးစုံစွာ ရှိပါတယ်။ ဒီလင့်မှာ သွားရောက် လေ့လာနိုင်ပါတယ်။

မင်း ပညာဒါန



၂၁ ရာစုကနေ စပြီး ပညာဒါနတွေ ခေတ်စားလာပါတယ်။ ကျေနပ်စရာ အားရစရာ ကောင်းလှပါတယ်။ ဘာသာစကား အခမဲ့သင်တန်းတွေ၊ ကွန်ပျူတာ အခမဲ့သင်တန်းတွေ၊ ဆွေးနွေးပွဲတွေ လုပ်လာတာ ဆိုရင်လဲ တဖြည်းဖြည်း ပိုများလာပါပြီ။ လူငယ်တွေ အနာဂတ်အတွက် ကျေနပ်စရာတွေ များပြားလာပါတယ်။

ယခုလဲ မင်းပညာဒါနကနေ မြန်မာလူငယ်များအတွက် အိုင်တီနည်းပညာ၊ ဘာသာစကားနှင့် အခြား အသိပညာ ဗဟုသုတများကို အခမဲ့ ဖြန့်ဝေ သင်ကြားပို့ချပေးနေပါတယ်။
စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင် ရပ်ကွက်၊ ဗားကရာလမ်း၊ ဥယျာဉ်ကျောင်းတိုက် မင်းကျောင်းဝင်း အတွင်းမှာ ၂၀၀၉ ခုနှစ် အောက်တိုဘာလဆန်းကတည်းက ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

“မင်း ပညာဒါန” သင်တန်းကျောင်းမှာ
  • အခြေခံ ကွန်ပျူတာ သင်တန်း (Basic Computer Training)၊
  • အခြေခံ ၀က်ဘ်ဆိုက် ရေးဆွဲနည်း (Web Design)၊
  • အခြေခံ စာစီစာရိုက် (Basic DTP – Desktop Publishing),
  • Graphic Design,
  • Hardware
  • Networking,
  • English Speaking & Translation,
  • Japanese Language
စသည့် သင်တန်း အသီးသီးကို ၃ လ တစ်ကြိမ်၊ အပတ်စဉ် စနေနှင့် တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ် သင်ကြားပေးလျက်ရှိပါတယ်။ သင်တန်းများအားလုံးကို အခမဲ့ သင်ကြားပို့ချ ပေးနေခြင်း ဖြစ်ပါတယ်။ အသေးစိတ်ကို www.minitsg.com မှာ လေ့လာနိုင်ပါတယ်။

16.9.11

ပန်းတုပုံ



ချစ်သူကိုပေးဖို့လက်ဆောင်လေးတွေ

15.9.11

ကိုယ်တိုင် Window တင်နိုင်၇န်


ကိုယ်ပိုင်ကွန်ပျူတာတွေကို Window ပြန်တင်ချင်ရင် အခုဖော်ပြမယ့် စာအုပ်ကို ဖတ်ပြီး လုပ်နိုင်ပါတယ်။ လိုအပ်တာကတော့ Window တင်တဲ့ CD ရယ်၊ မိမိစက်ရဲ့ Motherboard CD ရယ် ဖြစ်ပါတယ်။ ဒီစာအုပ်ကို ကြေညက်အောင် ဖတ်ပြီး Window ပြန်လည်တင်နိုင်ပါတယ်။ ကဲ ပြောနေကြာတယ်။ စာအုပ်သာ ဖတ်ကြည့်ပေတော့။ စာအုပ်ကို ဒီမှာ Download လုပ်ယူပါ။

စက္ကုခေါက်နည်း ၁



လက်ဆောင်ကဒ်နဲ့အတူ တွဲပြီး ပုံဖော်ထားတဲ့ ရုပ်ကြွအသဲပုံလေး လုပ်နည်းလေး ဖြစ်ပါတယ်။ စက္ကူခေါက် နည်းလမ်းများဟာ ဂျပန်နိုင်ငံက ဆင်းသက် လာတယ်လို့ ပြောလို့ရပါတယ်။ ဂျပန်နိုင်ငံက စက္ကူကို သုံးစွဲတဲ့ နေရာမှာ လွန်ကဲတဲ့ နိုင်ငံဖြစ်သလို စက္ကူနဲ့ ပုံဖော်ရာတွင်လဲ သူမတူအောင် လက်ရာမြောက်ဆုံး ဖြစ်ပါတယ်။

မိမိရဲ့ ချစ်သူလေးဆီ လက်ဆောင်ကဒ်နဲ့ အတူ အသဲပုံရုပ်ကြွလေးကို လုပ်ပြီး မေတ္တာပိုတိုးအောင် လုပ်နိုင်ပါပြီ။ မိမိကိုယ်တိုင် လုပ်ပြီး ပေးပို့တယ် ဆိုရင် ချစ်သူပျော်ရွှင်မည် ဖြစ်ပါတယ်။ ပြောရင်းနဲ့ စာရှည်သွားပြီ။ ဒီမှာ လုပ်နည်းစာအုပ် နှစ်အုပ်ကို Download(1), Download(2) လုပ်ယူပါ။

့ ဒီအီးမေးလ် မလာစေချင်တော့ ၇င်


Gtalk ကနေ တောင်းဆိုထားတဲ့ ကိုအောင်ကြည်ဖြူရေ ... Gmail မှာ ကိုယ်ဆီ မလာစေတဲ့ email တွေကို အောက်ပါ အတိုင်း လုပ်ပါတော့ဗျာ ...။

၁) မိမိ Gmail Account ထဲ ၀င်ပါ။
၂) Setting ကို သွားပါ။
၃) Filters ဆိုတာ ရှိပါ။ အောက်က ပုံတွင် ကွင်းဝိုင်း ပြထားသည့်အတိုင်း ပြုလုပ်ပါ။



၎) from အကွက်မှာ မိမိ အီးမေးလ်ဆီ နောက်ထပ်မလာစေချင်တဲ့ email လိပ်စာဖြည့်။ ပြီးရင် Next Step ။



၅) ကိုယ်မလာစေချင်တဲ့ အီးမေးလ် နောက်ထပ်လာခဲ့ရင် အော်တို delete ဖြစ်သွားအောင် Delete it Box ကို အမှန်ခြစ်ရွေး။ ပြီးရင် Create Filters ကို နှိပ်။



၆) အောက်ပုံလို ပေါ်ရင် အိုကေပြီ။



ဒါဆိုရင် မိမိဆီ လာနေတဲ့၊ နှောင့်ယှက်နေတဲ့ အဆိုပါ အီးမေးလ်လာရင် Auto Delete လုပ်ပြီးသာ ဖြစ်နေလိမ့်မယ်။ အဆင်ပြေပါစေ။

နှင်းတွေနဲ့ေo

ဘလော့စာမျက်နှာမှာ နှင်းပွင့်လေးတွေ တစ်ဖွဲဖွဲ ကျချင်တဲ့ဆိုတဲ့ ငယ်လေးရေ... ။ အခုပဲ ရေးသား ဖော်ပြလိုက်ပါပြီ။ ဒီ File လေးကို Download ယူပြီး မိမိရဲ့ ဘလော့ Layout က HTML/JavaScript ကို ရွေးပြီး ဒေါင်းလုပ်ယူထားတဲ့ Notepad File ထဲက ကုဒ်တွေကို ကူးပြီး ထည့်လိုက်ပါ။ ပြီးရင် Save ။ ဘလော့စာမျက်နှာကို ကြည့်လိုက်တဲ့အခါ နှင်းတွေ ဖွေနေမှာ သေချာပါတယ်။

blog ၏ အသုံးဝင်မှုများ




ဘလော့ရေးသားသူများ .... မိမိတို့ရဲ့ ဘလော့မှာ Feed gadget ကို ထည့်သွင်းနိုင်ပါတယ်။ ထည့်သွင်းချင်သူများ အောက်ပါအတိုင်း ပြုလုပ်ပါ။

၁) မိမိတို့ ဘလော့အကောင့်ကို ၀င်ပါ။ ပြီးလျှင် Layout ကိုဖွင့်ပါ။ Layout တွင် Add Gadget ကို ကလစ်ပါ။


၂) Feed Gadget ကို ရွေးချယ်ပါ။



၃) Title တွင် မိမိကြည့်ချင်သည့် ၀က်ဆိုက်လိပ်စာကို ရိုက်ထည့်ပြီး Continue ကို နှိပ်ပါ။ (ဥပမာ- www.sccnaing.blogspot.com)



၎) ပြီးလျှင် Show တွင် မိမိကြည့်ချင်သည့် အကြောင်းအရာကို ရွေးပါ။ (ဥပမာ- ၅ ခု)
၅) ပြီးလျှင် Save ။

ဒါဆို မိမိဘလော့မှာ အဆိုပါဝက်ဆိုက်မှာ အသစ်တက်လာသည့် (၅)ခုကို အမြဲ Update လုပ်ပေးနေမှာ ဖြစ်ပါတယ်။ အသုံးတည့်နိုင်ပါစေ။

ဝတ်စုံများ



ဟိုအရင် ရက်ပိုင်းတွေက ရှာနေတာ။ လိုချင်ရင် ရှာလိုက မရတော့ဘူး။ နိုင်ငံခြား ၀တ်စုံကုဒ်တွေတော့ ရှိပါရဲ့။ ဒါပေမယ့် မြန်မာဝတ်စုံကို လိုချင်နေတာလေ။ လိုချင်နေတာကပဲ ရှားတာလား မသိတော့ဘူး။ ဟိုတစ်နေ့ ညီလေး တစ်ယောက်ရဲ့ ဘလော့မှာ တွေ့လိုက်တော့ ၀မ်းသာသွားတယ်။ အခု လိုရမယ်ရ ဆွဲယူထားတယ်။

မိမိရဲ့ စာဖတ်သူတွေထဲကလဲ လိုချင်သူ ရှိမှာပေါ့။ အယ်. . . တစ်ခါက မိမိရဲ့ ဂျီတော့မှာ လာမေးဘူးတယ်။ ဒါကြောင့် တင်ပေးလိုက်တယ်။ ၀တ်စုံတွေပါ။ Photoshop ဖိုင်ဆိုတော့ မိမိတို့ရဲ့ ပုံတွေနဲ့ ပေါင်းစပ်ပြီး လုပ်ချင်သလို လုပ်ကြပေါ့။ ဒီမှာသာ Download ပေတော့။

မိမိဘလော့မှာ you tube vedio ထည့်နည်း

19 ဒီ Post လေးကလည်းဘလော့မိတ်ဆွေတော်တော်များများသိပြီးသားပါ၊ မသိသေးတဲ့ဘလော့ဂါ လောကထဲကိုအသစ်ဝင်လာတဲ့မိတ်ဆွေသစ်လေးတွေအတွက်ဆို၇င်ပိုပြီးမှန်မယ်ထင်ပါတယ်၊ ဘလော့မှာYouTubeသီချင်းနှင့်YouTubeဗွီဒီယိုတွေကို Ipod Style ထည့်ချင်လာ ဘာစတိုင်နှင့်ထည့်ချင်လဲ၊ အောက်မှာသွားယူ၇မယ့်လင့်ခ်နဲ့လုပ်နည်းတွေပြထားပေးပါတယ်၊




 ၁။MixPod.Comကိုသွားပြီး  sign up လုပ်ပေးလိုက်ပါ။မြန်ပါတယ်။.

၂။၇ပြီဆို၇င် 'My playlists' >>>> ကနေ 'New Play list' ဝင်ပါ။

၃။မိမိသုံးချင်သည့် playlist စတိုင်ကိုရွေးပါအောက်ပုံ။

 


၎။Search Music>>Add URL နေ၇ာမှာမိမိကြိုက်တဲ့သီချင်ကို Youtube ကနေလင့်ခ်ယူ၇င်လည်၇ပါတယ်။
မိမိရဲ့ယူလိုက်တဲ့လင့်ခ်ကိုအောက်ကအကွက်မှာ ထည့်လိုက်ပြီးSearch နိုပ်ပေးလိုက်ပါ။အောက်ပုံ



၅။Customise ကိုသွားမယ်၊နောက်ခံအေ၇ာင်တွေသီချင်ကို Autoလာအောင်လုပ်ချင်လားပေါ့နော်။။

၆။အောက်မှာသူ့ရဲ့ Playlist Title ကိုတောင်းပါတယ်..မိမိကြိုင်သလိုပေးလိုက်ပါ၊လိုအပ်ပါတယ်။ ပြီးသွား၇င်အောက်ပုံမိမိဘယ်နေ၇ာမှာထည့်ချင်လဲရွေးပေးလိုက်ပါ။




  

 ၇။Code ယူပြီးသွား၇င်မိမိရဲ့ဘလော့Layout>>>Add a Gadget>>>အောက်ပုံကိုကြည့်ပါ။




၈။Save နိုပ်လိုက်ပါပြီးပါပြီ။။။


မသိသေးတဲ့မိတ်ဆွေတွေကိုအသိပေးမျှဝေစေချင်ပါတယ်၊

14.9.11

ကွန်ပျူတာ မြန်ဆန်စေချင်


ကွန်ပျူတာ သုံးစွဲရာတွင် ပိုမိုမြန်ဆန်စေရန် အတွက် အောက်ပါ နည်းလမ်း နှစ်ခုကို လုပ်ဆောင်ပါ။ အတိုင်းအတာ တစ်ခုအထိ မြန်ဆန်လာမှာ ဖြစ်ပါတယ်။

နည်းလမ်း(၁)

၁) Start မှ Run ကို ဖွင့်ပါ။
၂) regedit ကို ရိုက်ဖွင့်ပါ။ ပွင့်လာပါက HKEY_CURRENT_USER > Control > Desktop ကို Select မှတ်ပါ။ ညာဘက်တွင် MenuShowDelay ကို Select မှတ်ပြီး Double Click လုပ်ပါ။ Value data တွင် 0 ပေးလိုက်ပါ။


နည်းလမ်း(၂)

၁) Start မှ Run ကို ဖွင့်ပါ။
၂) system.ini ကို ရိုက်ဖွင့်ပါ။ အောက်ပါပုံအတိုင်း ပေါ်လာပါလိမ့်မယ်။


၃) အောက်ဆုံးတွင် ယခု page buffer=100000kbps load=100000kbps Download=100000kbps save=100000kbps back=100000kb စာသားကို Copy ကူးထည့်လိုက်ပါ။
၎) ပြီးလျှင် Save လုပ်ပြီး စက်ကို Restart လုပ်လိုက်ပါ။ စက်ပိုမို မြန်ဆန်လာမည်ကို သိရှိလာပါလိမ်မယ်



Shutdown ပိတ်ရာတွင် မြန်စေချင် နည်းလမ်း(၂)

Computer Shutdown ပိတ်ရာတွင် ပိုမို မြန်ဆန်စေရန် အတွက် နည်းလမ်းတစ်ခုကို ဖော်ပြပြီး ဖြစ်ပါတယ်။ အခုတဖန် နည်းလမ်း(၂)ကို ဖော်ပြပေးလိုက်ပါတယ်။ အဆင်ပြေ ချောမွေ့ကြပါစေ။

၁) Start မှ Run ကို ဖွင့်ပါ။
၂) regedit ကို ရိုက်ထည့်ပြီး ဖွင့်လိုက်ပါ။
၃) HKEY_CURRENT_USER မှ Control Panel ကို သွားပါ။
၎) Desktop ကို Select မှတ်ပါ။ ညာဘက်တွင် HungAppTimeout ကို ရှာပြီး Double Click လုပ်ပါ။
၅) Valu Data တွင် 1000 ရိုက်ထည့်ပါ။
၆) ပြီးလျှင် WaitToKillAppTimeout ကိုလဲ အပေါ်နည်းအတိုင်း 1000 ရိုက်ထည့်ပါ။

မြန်ဆန်လာပါလိမ့်မယ်။ ကွန်ပျူတာ သုံးစွဲသူတိုင်း ပျော်ရွှင်ကြပါစေ။

Gmail တွင် ဆိုင်းထိုးမယ်


ကိုယ်က သူများဆီ အီးမေးလ် ပို့တဲ့အခါ ဆိုင်းထိုးပြီး ပို့ကြရတယ် မဟုတ်လား။ Gmail မှာ အော်တိုဆိုင်း ရေးထားလို့ရတဲ့ Function ပါပါတယ်။ ဥပမာ-

သူငယ်ချင်း
နေကောင်းလား။ သတိရတယ်နော်။ ငါ့ဆီလဲ စာရေးအုံး။ မျှော်နေမယ်။


နိုင်
စသဖြင့်ပေါ့။ အဲဒီလို မောင်ဖြူဆိုတဲ့ ဆိုင်းကို Gmail မှာ ပုံသေ ရေးထားလို့ ရပါတယ်။ စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်က အတိုင်းလေး လုပ်လိုက်ပါ။

၁) Gmail အကောင့်ထဲ ၀င်ပါ။
၂) Setting ကို နှိပ်ပါ။ General ကို ရွေးပါ။



၃) Signature မှာ On ရမယ်။ ပြီးရင် မိမိ ထိုးချင်တဲ့ ဆိုင်းနာမည်ကို ရေး။ အောက်ကအတိုင်း။



၎) ပြီးရင် Save Changes ။ ပြီးရင် Compose Mail ကို နှိပ်လိုက်ပါ။ ဒါဆိုရင် အောက်ကပုံအတိုင်း မြင်နေရလိမ့်မယ်။

၅) ဒါဆို မိမိက တစ်ပါးသူကို အီးမေးလ်ပို့တိုင်း ပေါ်နေမှာပေါ့။ အဆင်ပြေပါစေ။

Auto Forward Gmail


ဟိုတစ်နေ့က စဉ်းစားမိတယ်။ မိမိဆီကို အီးမေးလ် ပုံမှန် ပို့နေကျ မိတ်ဆွေတစ်ယောက်ရှိတယ်။ အဲဒီမိတ်ဆွေကလဲ သူပို့တဲ့ အီးမေးလ်တွေကို တစ်ခြားတစ်ယောက်ဆီ ထပ်ပို့ပေးဖို့ မေတ္တာရပ်ခံခဲ့တယ်။ ဒါနဲ့ မိမိလဲ သူပို့လာတဲ့ အီးမေးလ်တွေကို တစ်ခြားတစ်ယောက်ဆီ မေးလ်ပြန်ပို့ရတဲ့ အလုပ်တစ်ခု ပိုလာတယ်။

မဖြစ်ချေဘူး။ ဒီလိုသာ လုပ်နေရရင် အချိန်တောင် လောက်မှာမဟုတ်ဘူး ဆိုပြီး မိမိလဲ ဟိုဘက်က အီးမေးလ်ပို့လာရင် နောက်တစ်ယောက်ဆီကို အော်တိုစနစ်နဲ့ Forward mail ပို့ပြီးသား ဖြစ်အောင် လုပ်လိုက်တယ်။ ရှုပ်သွားလား မသိဘူး။

ကဲ ရှင်းအောင် အောက်ပါအတိုင်းသာ လက်တွေ့ လိုက်လုပ်လိုက်ပေတော့။

၁) မိမိရဲ့ Gmail Account ကို ဖွင့်ပါ။
၂) Setting ကို နှိပ်ပါ။ Forwarding and POP/IMAP ကို ရွေးပါ။


၃) Forward a copy of incoming mail to အကွက်မှာ မိမိ Forward ပို့ချင်တဲ့ email Address ကို ရိုက်ပါ။


၎) Keep Gmail's copy in the box ဆိုတဲ့ စာသားကို ရွေးချယ်ပါ။ ဒါမှ မိမိဆီကနေ Copy အနေနဲ့ တစ်ခြားတစ်ယောက်ဆီ ရောက်သွားမှာလေ။
၅) Save Changes ကို နှိပ်ပါ။

ဒါဆိုရင် မိမိဆီလာတဲ့ အီးမေးလ်မှန်းရင် Forward အနေနဲ့ Auto ရောက်သွားမှာ ဖြစ်ပါတယ်။ လိုရမယ်ရ နည်းလမ်းများ ဖြစ်ပါတယ်။ အသုံးတည့်ပါစေ။

VEDIO

ကဲလိုက်ပါပေတဲ့ ကိုရွေမျောက်။

13.9.11

Drive တစ်ခု ထပ်ခွဲမယ်

တစ်နေ့က မိတ်ဆွေတစ်ယောက်က သူရဲ့ Hard disk (D:) က ပြည့်နေလို့ ကူညီပါအုံးတဲ့။ ဒါနဲ့ သူစက်ရဲ့ System (C:) ကို ကြည့်လိုက်တော့ ပိုနေတာတွေ ရှိသေးတယ်။ ဒါနဲ့ စိတ်မပူနဲ့ လုပ်ပေးမယ်ဆိုပြီး လုပ်ပေးခဲ့တယ်။ G: drive တစ်ခု ထပ်ပေါ်လာတာပေါ့။ လုပ်နည်းလေးကတော့ အောက်ကအတိုင်းပဲ။

(၁) My Computer ကို Right Click လုပ် Manage ကို ရွေး။
(၂) ပြီးရင် Disk Management ကို Click လုပ်။ ညာဘက်မှာ C: , D: ဆိုတာ ပေါ်လာလိမ့်မယ်။ အောက်ကအတိုင်း။


(၃) C: အကွက်ကို Right Click လုပ်။ Shrink Volume ဆိုတာကို ရွေး။ ခဏစောင့်။
(၄) Box တစ်ခု ကျလာလိမ့်မယ်။ Enter the amount of space to shrink in MB: ဆိုတဲ့အကွက်က C: မှာ လွတ်နေတဲ့ ပမဏာပဲ။ အဲဒီအကွက် အကုန်လုံးကို မယူသင့်တဲ့အတွက် မိမိ လိုချင်သလောက်ခွဲယူ။
(ဥပမာ- C: က 60 GB ဆိုပါတော့။ သုံးထားတာက 30 GB ။ ဒါဆို 30 GB ပိုနေတယ်။ အကုန်လုံး မယူသင့်တဲ့အတွက် 20 GB လောက်ပဲ ခွဲယူပါ။ 20 GB ဆိုရင် 20240 လို ရိုက်ထည့်လိုက်။ ပြီးရင် Shrink ကို နှိပ်။
(၅) ဒါဆို Drive တစ်ခု ထပ်ပေါ်လာလိမ့်မယ်။ အဲဒီ Drive ကို Right Click လုပ်။ New ဆိုတာနဲ့ သူပြောတဲ့ အဆင့်တွေ အတိုင်း လုပ်သွားလိုက်။ ဒါဆို Drive တစ်ခု ပိုထွက်လာပြီပေါ့

google shortcuts

Firefox က ပေးတဲ့ add-on တွေထဲမှာ အသုံးဝင်တာတွေ များလှပါတယ်။ မိမိကိုယ်တိုင်လဲ သုံးဖူးတာတွေ များပါတယ်။ အဲဒီထဲကနေ add-on တစ်ခုကို ဖော်ပြလိုက်ပါတယ်။ Google Shortcuts အမည်ရပါတယ်။ Google နဲ့ ပတ်သက်ပြီး အလွယ်တကူ ဖွင့်လို့ရတဲ့ add-ons တစ်ခုပါပဲ။ Click တစ်ချက်ပေးရုံနဲ့ ဖွင့်နိုင်ပါတယ်




များပြားလှတဲ့ Shortcuts တွေ ပါဝင်ပါတယ်။ လူအများစု သုံးစွဲတာကတော့ Mail, Reader, Web Search, Document, Sites, Blogger, Blogsearch စတာတွေ ဖြစ်ပါတယ်။ အဲဒါတွေကိုပဲ ရွေးပြီး ဖွင့်ရင်လဲ ရပါတယ်။ မိမိနှစ်သက်ရာတွေကို အလွယ်တကူ ဖွင့်နိုင်ပါတယ်။ သုံးကြည့်ရင်းနဲ့ သိနိုင်တာမို့ ရှည်ဝေးစွာ မပြောလိုပါ။ Download ကို ဒီမှာ သွားယူနိုင်ပါတယ်။






ခေါင်းသုံးလုံး