.post a{font-weight:bold;font-size:12px;color:#000000;text-decoration:none} .post a:hover{text-decoration:underline}
သူငယ်ချင်းမိတ်ဆွေ များကို အသိပေးပါရစေ စာအုပ်များကို www.burmeseclassic.com , www.kelasa.org မှာ မျှဝေလိုက်ပါသည်။

5.11.11

အဆိပ့် ရှိမြွေ ထိုင်တွင်ေ၇ာက်ရှိ




ဘန်ကောက်မြို့အနီးမှာ ဖမ်းမိထားတဲ့ စပါးကြီးမြွေတကောင် (ဓာတ်ပုံ - ရိုက်တာ)
ထိုင်းနိုင်ငံ ဘန်ကောက်အနီး နံသာဘူရီခရိုင်မှာ ရေကြီးလို့ မြုပ်နေတဲ့ အဆောက်အအုံတခုကနေ အဆိပ်ပြင်းတဲ့ အာဖရိက မမ်ဘာမြွေ ၁၅ ကောင် လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။ ဒီသတင်းကြောင့် လွတ်သွားတဲ့မြွေတွေကို အသည်းအသန် ရှာဖွေနေကြပါတယ်။

မြွေတွေ လွတ်သွားကြောင်းပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေက ဆိုရှယ်နက်ဝပ်ခ် တွစ်တာကတဆင့် အာဏာပိုင်တွေက သိရှိခဲ့ရတာဖြစ်ပြီး အတည်မပြုနိုင် ဖြစ်နေပါသေးတယ်။

“ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ထိုင်းမှာ တိရစ္ဆာန်တွေကို တရားမဝင် ခိုးသွင်းရောင်းဝယ်နေတာတွေ အများကြီး ရှိလို့ပါ။ ဒါကြောင့် မြွေတွေ လွတ်သွားတာကို သက်ဆိုင်ရာ အာဏာပိုင်တွေဆီ သူတို့ကိုယ်တိုင် အကြောင်းမကြားရဲတာ ဖြစ်ပါလိမ့်မယ်” လို့ ထိုင်း တိရစ္ဆာန်နှင့် တောရိုင်းသားကောင်များဆိုင်ရာ အသင်း ဥက္ကဋ္ဌ နန်ထီကာ ချန်ဆူးက ပြောပါတယ်။

အဲဒီအသင်းဟာ အမျိုးသားဥယျာဉ်များ၊ တောရိုင်းနှင့် အပင်များ ထိမ်းသိမ်းရေးဌာနနဲ့ ပူးပေါင်းပြီး နံသာဘူရီတဝိုက်မှာ အစိမ်းရောင် အဆိပ်ပြင်း မမ်ဘာမြွေတွေကို လိုက်ရှာနေကြပါတယ်။

“အပြင်မှာ လျှောက်လွတ်နေ မနေ မသေချာပေမယ့် လူထုကို အန္တရာယ်မဖြစ်အောင်တော့ ကာကွယ်ဖို့ လိုပါတယ်” လို့ နန်ထီကာက ပြောပါတယ်။

မြွေတွေဟာ အစိမ်းရောင်ရှိပြီး ထိုင်းက မြွေစိမ်းတွေနဲ့ ဆင်ဆင်တူကြောင်း၊ မမ်ဘာမြွေတွေက ပိုကြီးပြီး ပိုအန္တရာယ်ကြီးတယ်လို့ လူတွေကို သတိပေးထားကြောင်း သိရပါတယ်။ အဲဒီ မမ်ဘာမြွေကိုက်ရင် မိနစ် ၂၀ အတွင်း သေနိုင်ပြီး ထိုင်းမှာ အဲဒီမြွေဆိပ်အတွက် ကာကွယ်ဆေးမရှိဘူးလို့ သိရပါတယ်။

ထိုင်းမှာ ဘန်ကောက်အစိတ်အပိုင်း အတော်များများအပါအဝင် ပြည်နယ် ၂၆ ခုမှာ ရေတွေ ကြီးနေပါတယ်။ ရေဘေးကြောင့် သေဆုံးသူ ၃၈၄ ဦးရှိသွားပါပြီ။

ဌာနေ တိရစ္ဆာန်တွေလည်း ရေဘေးခံနေရပြီး ပြီးခဲ့တဲ့ သီတင်းပတ်တွေထဲမှာ သမင် အကောင် ၁၀၀၊ တောဝက်ရိုင်း ၃၀၊ ကျား ၁၅ ကောင်နဲ့ မျောက်အများအပြားအပြင် ပိုင်ရှင်တွေ စွန့်ပစ်ထားခဲ့တဲ့ တိရစ္ဆာန်တွေကိုလည်း ကယ်ဆယ်ခဲ့ရပါတယ်။

မှတ်ချက်...............ဧရာ ၀တီဘလောဂ်မှာ ကူးယူဖော်ပြသည်။

No comments:

Post a Comment