.post a{font-weight:bold;font-size:12px;color:#000000;text-decoration:none} .post a:hover{text-decoration:underline}
သူငယ်ချင်းမိတ်ဆွေ များကို အသိပေးပါရစေ စာအုပ်များကို www.burmeseclassic.com , www.kelasa.org မှာ မျှဝေလိုက်ပါသည်။

23.10.11

မှတ်ဥာဏ်နှင့် ဥာဏ်၇ည်ထက်မြက်ခြင်း



မှတ်ဥာဏ်ကောင်းခြင်း နှင့် ဥာဏ်ရည်ထက်မြက်မှုတို့ကို သုံးသပ်ရန် အလွန်သိမ်မွေ့ခက်ခဲပါသည်။ ယေဘုယျအားဖြင့်

၁။ ဦးနှောက်တွင်းရှိ ကလာပ်စည်းအရေအတွက်၊ အလုပ်လုပ်ပုံ
၂။ အစာအာဟာရ ထိရောက်မှု
၃။ မိဘ၊ လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်
၎။ ကျန်းမာရေး လိုက်စားမှု
၅။ နဂိုဗီဇပါရမီ (အတိတ်ကံပါရမီ)
၆။ စနစ်တကျ လေ့ကျင့်အသုံးချမှု
၇။ စိတ်ပါဝင်စားမှုရှိရန် ရှေ့ဆောင်လမ်းပြကောင်းမှု စသည်တို့အပေါ်မူတည်ပြီး မှတ်ဥာဏ်ကောင်းမကောင်း ဥာဏ်ရည် ထက်မြက်မှု ရှိမရှိ သုံးသပ်ရမည် ဖြစ်သည်။

ဘ၀အဆက်ဆက် ပါရမီရင့်ကျက်လာသူ၊ အတိတ်ကံ အလွန်ကောင်း သူတို့ကို မယှဉ်သာသော်လည်း သာမန်လူသားတိုင်းသည် မွေးရာပါ ဥာဏ်ရည်ချင်း အလွန်အမင်း မကွာခြားလှပေ။ သို့သော် စာတော်ခြင်းနှင့် စာညံ့ခြင်း၊ ချမ်းသာခြင်းနှင့် ဆင်းရဲခြင်း၊ ကျော်ကြားခြင်းနှင့် တိမ်မြုပ်ခြင်း စသည်တို့သည် ဥာဏ်ကိုလွှာပြီး အသုံးချတတ်ခြင်းနှင့် မသုံးတတ်ခြင်း တို့ကြောင့် အခြေအနေအမျိုးမျိုး ကွာခြားနေကြရသည်။

တစ်မိသားစုတည်း ပေါက်ဖွားတာချင်းတူပါလျက် ပညာတတ်သူနှင့် ပညာမဲ့သူ၊ ချမ်းသာသူနှင့် ဆင်းရဲသူ၊ ကျော်ကြားသူနှင့် တိမ်မြုပ်သူများ အဖြစ် ကွဲပြားရခြင်းမှာ နဂိုပါရမီက သိသိသာသာ မကွာသော်လည်း ကြိုးစားအားထုတ် မှုနှင့် ဥာဏ်ရည်အသုံးချပုံ ကွာခြားမှုတို့ကြောင့် အဓိက ဖြစ်သည်။

ထိုလောက်သာသုံးလျှင် ဥာဏ်ရည်နိမ့်သွားမည်။ ရှိသမျှ အစွမ်းကုန် ထုတ်ပြီးသုံးမှသာ ဥာဏ်ရည်မြင့်သထက် မြင့်လာမည်။ ထို့အတူ မွေးရာပါ ဥာဏ်ရည်ကောင်းသော်လည်း အသုံးမချတတ်ရင် ဥာဏ်ရည်နိမ့်သွားမည်။ မွေးရာပါဥာဏ်ရည် သင့်သော်လည်း အသုံးချတတ်ရင် ဥာဏ်ရည်ကောင်းလာမည်ဖြစ်သည်။ မွေးရာပါ ဥာဏ်ရည်ချင်းတူပါက ပွားများ ယူတတ်သူ (အသုံးချတတ်သူ)က ပို၍မြင့်လာမည်။ မှတ်ဥာဏ်ထက် လာမည်။ ဥာဏ်ရည်ဥာဏ်သွေး သွက်လာမည်။ (ဥပမာ) မူလကိန်းဂဏန်း ၁၀ နှင့် ၁၀ ကို အသုံးချပုံချင်း မတူညီ သည့်အခါ ကွာခြားသွားပုံကို တင်ပြပါမည်။

10 – 10 = 0
10 ÷ 10 = 1
10 + 10 = 20
10 × 10 = 100
1010 = 10 000 000 000

ဟူ၍ ကွာခြားသွားသလို ကျောင်းသား/သူတို့အတွက် မူလရှိရင်းစွဲ မှတ်ဥာဏ်နှင့် ဥာဏ်ရည်ဥာဏ်သွေးတို့ကို အောက်ပါနည်းလမ်းများဖြင့် ပွားများယူတတ်ပါက ယခင့်ထက် ဥာဏ်ထက်သူ ဖြစ်လာပေမည်။

၁။ အစားအစာရွေးချယ်ပြီး စားတတ်ခြင်း၊
၂။ Respiration မှန်ကန်ခြင်း၊
၃။ Relaxation မှန်ကန်ခြင်း၊
၎။ Autosuggestion ပြုလုပ်တတ်ခြင်း၊
၅။ Repetition လေ့ကျင့်တတ်ခြင်း၊
၆။ သင်ခန်းစာလေ့ကျင့်ရင်း I.Q test ပုံစံ ပြုလုပ်သွားခြင်း၊
၇။ ကာလံ ဒေသံ ပတ်ဝန်းကျင်ကွာခြားခြင်း (ဖန်တီးယူခြင်း)၊
၈။ မိမိကြုံတွေ့ရမည့် အလုပ်(စာမေးပွဲ)ကို အကွက်စေ့ချထားခြင်း၊
၉။ ကျက်မှတ်နည်းစနစ်သိခြင်း . . . စသည်တို့ဖြင့် မှတ်ဥာဏ်နှင့်ဥာဏ်ရည်ထက်မြက်ရန် သွေးပေးရမည်။ ဦးနှောက်ကြည်လင်လန်းဆန်းရန် အောက်ဆီဂျင်အပြည့်အ၀ရရှိဖို့ လိုအပ် သည်။ သွေးအားကောင်းရန် လိုသည်။short-term memory နှင့် long-term memory တို့ကို အသုံးချတတ်ရမည်။

သုစိပုဘာ ။ ၀ိလိသိဓာ

အင်းဝခေတ်က စာဆိုကျော် ရှင်မဟာရဋ္ဌသာရသည် စာကျက်နည်း စာလေ့လာနည်းကို ဗုဒ္ဓတရားတော်ထဲမှ ကောက်နုတ်ပြီး လမ်းညွှန်ပေးခဲ့၏။ အထက်ပါ (၈)လုံးသည် ပါဠိအက္ခရာ အတိုကောက်ဖြစ်သည်။
၁။ သု = သုကောယျ (ကြားနာရမည်။)
၂။ စိ = စိန္တေယျ (ကြံစည် တွေးခေါ်ရမည်။ )
၃။ ပု = ပေုစယ္ဆျ (မေးမြန်း တွေးခေါ်ရမည။် )
၎။ ဘာ = ဘာသေယျ (ပြောဆိုဆွေးနွေး ရမည်။ )
၅။ ၀ိ = ၀ိစာရေယျ (စူးစမ်းဆင်ခြင်ရမည်။)
၆။ လိ = လိခေယျ (ရေးမှတ်ပြီး Gist ထုတ်ရမည်။ )
၇။ သိ = သေခယ် (ေလ့က်င့္ရမည။် )
၈။ ဓာ = ဓာရေယျ (နှုတ်ငုံဆောင်ရမည်။ ) မြန်မာလို အတိုကောက် (ကြား ကြံ မေး ပြော၊ စူး ရေး လေ့ နှုတ်) ဟု မှတ်နိုင်ပါသည်။ စာဆိုရှင်က ဤ (၈)ချက်အတိုင်း ပညာသင်တို့ လိုက်နာကြိုးစား အားထုတ်ပါက ပညာရှင်တွေ ဖြစ်ရပါမည်ဟု အာမခံထားပါသည်။ ထင်ပေါ်ကျော် စောသူလည်း ဖြစ်ရပါမည်ဟု ဆိုထားပါသည်။ နောက်ထပ် ဥပမာများဖြင့်လည်း တင်ပြထားပါသည်။ ကြက်ရဲ တို့သည် နောက်ဆုတ်တုန့်ဆိုင်းခြင်း မရှိဘဲ ရှေ့သို့ တစ်ဟုန်တိုးထိုးကာ အစာကို သုတ်ချီလေ့ရှိ၏။ ထို့အတူ ပညာသင် (စီးပွားရေး ပညာသင်) တို့သည်လည်း ကြက်ရဲ တို့အတိုင်း အားထုတ်ရမည်။

ကြောင်သည် ပုစွန်ကို စားရာ၌ ကျွတ်ကျွတ်မြည်အောင် ကျေကျေ ညက်ညက် ၀ါးစား၏။ ထိုကဲ့သို့ပင် ပညာသင်တို့သည် မိမိ လေ့လာသင်ယူနေရ သည့် ပညာရပ်မှန်သမျှကို ကျေညက်အောင် မလွတ်တမ်း လေ့လာသင်ယူရမည်။

လွှသွားသည် သစ်သားကို ပိုင်းဖြတ်ရာ၌ အသွားပေါင်း မြောက်မြား စွာဖြင့် အနုစိတ်ပြီး ဖြတ်သွားနိုင်၏။ လွှတစ်ကြိမ်ဆွဲခြင်းသည် ဓားသွားလေးတွေ များစွာဖြင့် လှီးဖြတ်သည်နှင့် တူ၏။ လွှသွားကဲ့သို့ပင် ပညာသင်သည် ပညာရပ်ပိုင်း ဆိုင်ရာတို့ကို အနုစိတ်ပိုင်းဖြတ်ပြီး နားလည် တတ်ကျွမ်းရမည်။ ကျောက်သားပေါ်မှာ အက္ခရာစာလုံး ထွင်းပြီးပြီ ဆိုမှဖြင့် ပျက်ပျယ်ဖို့ ခက်ခဲသလို ပညာသင်တို့သည် စိတ်နှလုံးထဲမှာ စွဲမြဲစွာ မှတ်သားနိုင်ရမည်။ ချည်လုံး၏ အစတစ်စကို ရလိုက်လျှင် ချည်ထွေးတစ်ခုလုံး ငင်နိုင် (ရှင်းနိုင်)၏။ ထို့အတူ အလွတ်ရထားသည့် စာတစ်ပုဒ်၏ အစပိုင်းလေးကို ဖေါ်လိုက်တာနဲ့ အားလုံး တစ်သီတစ်တန်းကြီး ရသွားနိုင်၏။ ဤသို့ဖြင့် ရှင်မဟာရ ဋ္ဌသာရသည် မှတ်ဥာဏ်နှင့် ဥာဏ်ရည် ဥာဏ်သွေး ထက်မြက်စေရန် နည်းစနစ်များကို ရေးသားတော်မူခဲ့၏။

မှတ်ဥာဏ်၊ အသိဥာဏ်၊ သတိဥာဏ်၊ ထိုးထွင်းဥာဏ်၊ တင်္ခဏုပ္ပတ္တိဥာဏ်၊ ဖြတ်ထိုးဥာဏ်၊ ဆင်ခြင်ဥာဏ်၊ တီထွင်ဥာဏ် .... အစရှိ သဖြင့် ဥာဏ်မျိုးစုံ ခွဲခြား၍ရ၏။ ပုဗ္ဗေနိဝါသဥာဏ်၊ ဒိဗ္ဗစက္ခဥာဏ်၊ အာသ၀က္ခယဥာဏ် တို့နှင့် သမ္မသနဥာဏ်၊ ဥဒယဗ္ဗယဥာဏ်၊ ဘင်္ဂဥာဏ်... စသည်တို့သည်ကား ဘုရား၊ ရဟန္တာနှင့် အရိယာဘက်သို့ ကူးပြောင်းမည့် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တို့ နှင့်သက်ဆိုင်သော ဥာဏ်ထူးများသာ ဖြစ်၏။ ပုထုဇဉ်တို့ နှင့် မသက်ဆိုင်ပေ။ ထိုဥာဏ်အဆင့်ဆင့်တို့သည်ကား ဗုဒ္ဓစာပေ၊ ဗုဒ္ဓကျင့်စဉ်မှာသာ လေ့လာကျင့်ကြံရမည့် ဥာဏ်စဉ်များသာ ဖြစ်၏။

ခင်မောင်အေး ရေးသားပြုစုထားသော "မှတ်ဥာဏ် နှင့် ဥာဏ်ရည်ဥာဏ်သွေးထက်မြက်နည်း"

No comments:

Post a Comment