တစ်ခါက ဓားပြတစ်ဖွဲ့သည် အင်္ဂလိပ်လူမျိုး၊ပြင်သစ်လူမျိုး၊မြန်မာလူမျိုး
သုံးယောက်ကိုဖမ်းမိသည်။
ထို့နောက်တစ်ယောက်စီကို အခန်းတစ်ခန်းစီတွင် မျောက်မတစ်ကောင်စီနှင့်ထားသည်။
အစားအသောက်အပြည့်အစုံနှင့်ထားပြီး တစ်နှစ်အတွင်း
မျောက်မကိုစကားပြောတတ်အောင်သင်ခိုင်းသည်။
တစ်နှစ်ကြာလို့မှ စကားမပြောတတ်လျှင် အသက်ခံရမည်ဖြစ်သည်။
တစ်နှစ်ကြာသော် အင်္ဂလိပ်၏အခန်းကိုသွားစစ်သည်၊ အင်္ဂလိပ်သည်မျောက်မနှင့်ညစာအတူစားနေသည်
''ဒီမျောက်မက စကားမသင်ချင်ဘူးဗျ'' အင်္ဂလိပ်ကိုသတ်လိုက်သည်
ပြင်သစ်၏အခန်းကိုသွားစစ်သည်၊ပြင်သစ်သည်မျောက်မနှင့်အတူအရက်ထိုင်သောက်နေသည်
''ဒီကောင်မက ပြင်သစ်စကားကိုမလေးစားဘူးဗျ သူစကားမပြောတတ်သေးဘူး''
ပြင်သစ်ကိုသတ်လိုက်သည်။နောက်ဆုံးမြန်မာ၏အခန်းကိုသွားကြည့်ရာ သိသိသာသာဝဖြိုးလာသော
မြန်မာလူမျိုးနှင့် ပိန်ချုံးနေသောမျောက်မကိုတွေ့လိုက်ရသည်
''ဟာ ဟိတ်ကောင် မင်း မျောက်မကိုအစာမကျွေးဘူးလားကွ'' ''ကျွေးသားပဲ
တစ်နေ့ကိုသုံးနပ်တောင်ကျွေးတယ်''
ထိုအချိန်တွင်မျောက်မကဝင်ပြောသည်
''သူလျှောက်ပြောနေတာမယုံကြပါနဲ့ရှင်'' ထို့နောက်မြန်မာလူမျိုးဘက်လှည့်ကာ
''အကိုကြီးရယ် ကျွန်မကိုထမင်းကျန်၊ဟင်းကျန်လေးနဲနဲလောက်ကျွေးပါ''
No comments:
Post a Comment