.post a{font-weight:bold;font-size:12px;color:#000000;text-decoration:none} .post a:hover{text-decoration:underline}
သူငယ်ချင်းမိတ်ဆွေ များကို အသိပေးပါရစေ စာအုပ်များကို www.burmeseclassic.com , www.kelasa.org မှာ မျှဝေလိုက်ပါသည်။

23.10.11

ချစ်သူဘ၀နဲ့လင်မယားဘ၀...




“ကောင်လေး“ ။ ။ ချစ်ကို ဘာကြောင့်ချစ်မိသွားတာလဲဆိုတာသိလား ..လို့မေးလိုက်တယ် ...
အဲ့မှာ
ကောင်မလေးက .. ပြောလေ ....
မင်းရဲ့ သိပ်ကိုလှပပြီးကျက်သရေရှိတဲ့ ..နက်မှောင်တဲ့ ဆံပင်ရှည်လေးတွေကြောင့်လို့ပြောတယ်..

.. “အိုး“ ဆိုပြီးကောင်မလေးက သဘောတွေကျနေတာပေါ့..



ကောင်မလေးကလဲပြောတယ်..
ကိုကို့ ကို ဘာကြောင့်ချစ်လဲဆိုတော့

ကိုကို့ရဲ့ ရယ်လိုက်ရင် .. သိပ်ချစ်ဖို့ကောင်းတဲ့ ... သွားတတ်လေးတွေကြောင့်လို့ပြောတယ် ...
ကောင်လေးက ... မနောခွေ့သွားတာပေါ့...

ဒီလိုနဲ့ ..သူတို့နှစ်ယောက်လက်ထက်ကြပြီး...အိမ်ထောင်သက် လေး သုံးနှစ်လောက်ရလာတဲ့ခါမှာ ...

တစ်နေ့ ..ထမင်းဝိုင်းမှာ ထမင်းလက်စုံစားရင်းနဲ့.....

“ဟ” ..ဒီဆံပင်မွေးက ဘယ်ကပါလာတာလဲ... စည်းမရှိကမ်းမရှိနဲ့ .. ညစ်ပတ်လိုက်တာ .. ရွံလိုက်တာကွာ ..ထွီ.... ၀ုန်း...
ရှင်..ရှင်..ဒါဘာပြောတာလဲ .. ရှင့်ရဲ့ ကျက်သရေမရှိတဲ့ ... ကွမ်းတွေစားပြီးညစ်ပတ်နေတဲ့..ပါးစပ်ကြီးနဲ့လာမပြောနဲ့ ...မစားချင်ရင်မစားနဲ့..
“ဟ” အရင်တုန်းကတော့ဒီသွားလေးတွေနဲ့ရီတာကို သဘောကျပါတယ်ဆို.... ချစ်လှပါချည်ရဲ့ဆို... အခုတော့ဒီစကားကဘာလဲကွ..ဟေ
”ရှင် ” ကကော ကျွန်မရဲ့ ကျက်သရေရှိတဲ့ဆံပင်ရှည်လေးတွေကိုမြတ်နိုးပါတယ်ဆို ... ခုဘာစကားပြောတာလဲ ....
“အဲ့ဒါက အရင်ကပြောတာကွ.. မရခင်ကပြောတာ .. ခုပြောတယ်ကွာ..ဘာဖြစ်လဲ ... ဟွန်း
ကျွန်မလဲ.. ပြောတယ် ..ရှင်ဘာဖြစ်ချင်လဲ ... ဟွင်း...

No comments:

Post a Comment