ဖခင်ဖြစ်သူသည် သတင်းစာတွင် ရေးသားဖော်ပြထားသော နိုင်ငံရေးသတင်းများကို စိတ်ပါဝင်စားစွာ ဖတ်ရှုနေစဉ် သားဖြစ်သူ ရောက်လာပြီး မေးလိုက်သည်။
"ဖေဖေ၊ သားကို ခိုးသားလေးဆယ်အကြောင်း ပြောပြပါလားဟင်"
ဖခင်ကြီးသည် နိုင်ငံရေးသတင်းများကို ဖတ်ရှုနေရာမှ ခေါင်းခါလိုက်ပြီး သားဖြစ်သူအား ပြန်ပြောလိုက်သည်။
"ကြီးလာတော့ သားသိမှာ၊ အခုအချိန်မှာ သားက ငယ်သေးတော့ နိုင်ငံရေးအကြောင်းတွေ ဘယ်နားလည်ဦးမှာလဲ"
No comments:
Post a Comment