ကျတော်မှာ အပေါင်းသင်းတစ်ယောက်ရှိခဲ့ဘူးတယ်....သူကတော့ အတွေးခေါင်ခေါင် စဉ်စားသလို အမြဲထိုင်လေ့ရှိတယ်။
အကြေင်းရာ တစ်ခုခုကို နက်နက်နဲနဲ တွေးခေါ်နေတဲ့ပုံစံမျိုးပေါ့။ ကျတော်ကိုလည်း သူသိချင်းတဲ့ အကြောင်းရာကို မေးပြောတတ်ပါတယ်။
ဟိုခေတ် ဟိုအခါတုန်းက ကမ္ဘာမှာမြန်မာဟေ့လို့ ကြွေးကြော်ခဲံ့၇ဖူးတဲ့ အာ`ရှချန်ပီယံ မြန်မာဘောလုံးအသင်း တစ်ခေတ်ဆန်းခဲ့တဲ့ အချိန်ပေါ့။ မြန်မာရေဒီယိုကနေပြီး အောင်ဆန်းကွင်းမှာ ဘောလုံးကစားနေပုံကို တိုက်ရိုက်လွင့်ခဲ့တယ်လေ ။ယခုခေတ်လို ရုပ်မြင်သံကြား စက်တွေလည်း မြန်မာ ပြည်မှာ မရှိသေးဘူး။ ရုပ်မမြင် အသံပဲကြားနေပြီး အားပေးနေကြရှာတဲ့ ကျတော်တို့လို့ နယ်ပရိသတ်တွေ အသံကြားရရုံနဲ့ ရုပ်မမြင်ရဘဲနဲ့ကို ရေဒီယို ရှေ့မှာထိုင်ပြီး အားပေးခဲ့ရဖူးတယ်လေ။
ဒီတုန်းက ဘောလုံးသမာအကျော်အမော်တွေ ဘပု။ဗဟာဒူး။အေးမောင်ကြီး။အေးမောင်လေး။ဂိုးတင်အောင် စသဖြင့်ဘောလုံးသမာ နာမည်တွေအော်ပြီး ဘောလုံးနောက်ကိုလိုက်နေပုံ၊ ဘေးထွက်ဘော ဖြစ်ပုံ၊ မြောက်နေပုံတွေ အော်နေရတာကို။ တစ်ဘက် အသင်းနှင့် တစ်ဘက်အသင်းနာမည်တွေပြောပြီး ဘောလုံးကို ကန်တင်လိုက်တယ် ခင်ဗျာ......
ကန်တင်လိုက်တယ် ခင်ဗျာ....ဆိုပြီးဘောလုံးပွဲ ကန်နေပုံကို သောတရှင် ပရိသတ်တွေ မျက်စိထဲမြင်လာအောင် သရုပ်ဖော်ပြီး ပြောပြရတာပါ။ ´"ဘပုက ကန်တင်လိုက်တယ် ခင်ဗျာ..ဘပု ကန်တင်တာကို ဗဟာဒူးရ သွားပြီး အေးမောင်ကြီးကို ပေးတယ် ခင်ဗျ.. စသဖြင့်ပေါ့။ အဲဒီလို ကြေငြာနေတဲ့အခါမှာ ကန်တင်လိုက်တယ် ခင်ဗျ၊ ကန်တင်လိုက် တယ်"
ဆိုတဲ့ စကား မကြာခဏ ပါနေတတ်ပါတယ်..။
ဆိုတဲ့ စကား မကြာခဏ ပါနေတတ်ပါတယ်..။
ကျတော့် သူငယ်ချင်းကြီးကလည်း ကျတော် ကျတော်နဲ့ အတူ နားထောင်လိုက်အားပေးရင်း ကျတော့်ကို သူပြောလိုက်ပုံက...." ဒီကံတင် ဆိုတဲ့ ကောင်က ပွဲတိုင်းပါတယ်နော်" တဲ့
သ၇င်းတို့ ကို ပျော်စေလိုဖြင် ဆန္ဒဖြင့် မျှဝေလိုက်ပါတယ်....................
No comments:
Post a Comment