.post a{font-weight:bold;font-size:12px;color:#000000;text-decoration:none} .post a:hover{text-decoration:underline}
သူငယ်ချင်းမိတ်ဆွေ များကို အသိပေးပါရစေ စာအုပ်များကို www.burmeseclassic.com , www.kelasa.org မှာ မျှဝေလိုက်ပါသည်။

23.10.11

ည၀တ်..ချစ်အင်ကျီ


အသက်အတော်ကြီးပြီဖြစ်တဲ့ အဘွားအိုတယောက်ဟာ သူ့ရဲ့ တဦးတည်းသောသားကို အိမ်ထောင်ချပေးပြီးတဲ့နောက် တလလောက်ကြာတော့ အိမ်ခွဲနေတဲ့ သားဖြစ်သူရဲ့အိမ်ကို သွားလည်တယ်။

အဘွားအိုဟာ အိမ်တံခါးကို ခေါက်လိုက်တယ်။

“ဒေါက်” “ဒေါက်” “ဒေါက်”



မကြာခင် ချွေးမဖြစ်သူက တံခါးလာဖွင့်တယ်။ သူ့ချွေးမကို ကြည့်လိုက်တော့ အဘွားအို အံ့သြသွားတယ်။

“ဟဲ့ နင်က ဘာမှလည်း ၀တ်မထားပါလား”

“ဒါက ယောက်ျားတွေ သိပ်နှစ်သက်တဲ့ ည၀တ်အချစ်အင်္ကျီလို့ ခေါ်တယ် အမေရဲ့”

ချွေးမစကားကိုကြားတော့ အဘွားအိုက သိပ်သဘောကျသွားပြီး အိမ်ထဲ မ၀င်တော့ဘဲ ပြန်သွားတယ်။ အိမ်ရောက်တော့ ရေမိုးချိုး၊ အမွှေးနံ့သာတွေ လိမ်းပြိး ည၀တ် အချစ်အင်္ကျီနဲ့

သူ့ယောက်ျားအဘိုးကြီး ပြန်အလာကို စောင့်နေတယ်။

မကြာခင်မှာပဲ တံခါးခေါက်သံကြားလို့ တံခါ်းသွားဖွင့်တော့ အဘိုးကြီးက သူ့မိန်းမကိုမြင်ပြီး အံ့သြစွာနဲ့ …

“မင်းက ဒီနေ့ ဘာစိတ်ကူးတွေ ပေါက်နေတာလဲ”

အဘိုးကြီးအမေးကို အဘွားကြီးက ပြုံးစစနဲ့ ပြန်ဖြေတယ်။

“ဒါက ည၀တ်အချစ်အင်္ကျီလို့ခေါ်တယ် အဖေကြီးရဲ့”

အဘွားကြီးစကားကိုကြားတော့ အဘိုးကြီးက စိတ်ပျက်လက်ပျက်နဲ့ ပြောလိုက်တယ်။

“မင့် အင်္ကျီက မီးပူထိုးဖို့ လိုအပ်နေပြီကွ။ ဟိုမှာကြည့်ပါဦး။ ကြယ်သီးနှစ်လုံးကလည်း ပြုတ်ထွက်တော့မယ်”

No comments:

Post a Comment